ဈေးကွက်ဈေးနှုန်း

တစ်ပတ်အတွင်းမတ်ပဲဈေးနှုန်းနှိုင်းယှဉ်ချက် (၁၅.၇.၂၀၂၀ မှ ၂၁.၇.၂၀၂၀)

Last Updated:

ဧရာဝတီတိုင်းဒေသကြီးမတ်ပဲဈေးနှုန်းသည် ယခင်သီတင်းပတ်ကာလအတွင်း ဈေးနှုန်း ဆက်လက်ကျဆင်း နေပြီး သီတင်းပတ်နောက်ဆုံးရက်များတွင် တစ်တင်းလျှင် ကျပ် ၃၀၇၀၀ ထိ ကျဆင်းခဲ့သည်။ ဇူလိုင် ၁၅ ရက်နေ့တွင် တစ်တင်းလျှင် ၃၀၉၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ် များစွာမဖြစ်ခဲ့ပေ။ ၁၆ ရက်နေ့တွင် မတ်ပဲဈေးအနည်းငယ်ပြန်တက်လာသည်။ ဇူလိုင်လ ၁၆ ရက် နေ့မှ ၁၈ ရက်နေ့ထိ မတ်ပဲဈေးနှုန်းသည် တစ်တင်းလျှင် ကျပ် ၃၁၂၀၀ - ၃၁၃၀၀ - ၃၁၄၀၀ - ၃၁၅၀၀ စသည်ဖြင့် အနည်းငယ်စီပြန်တက်လာခဲ့ပြီး ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်ကြားတွင် တစ်တင်း လျှင် ကျပ် ၃၁၇၀၀ - ၃၁၈၀၀ - ၃၂၀၀၀ ထိ တရိပ်ရိပ်တက်လာပြန်သည်။ ဇူလိုင်လ အတွင်း မတ်ပဲ ဈေးနှုန်းသည် အတက်အကျတလှည့်စီဖြစ်ပေါ်လျှက်ရှိသော်လည်း အနိမ့်ဆုံး ဈေး တစ်တင်းလျှင် ၃၀၀၀၀ ဝန်းကျင်နှင့် အမြင့်ဆုံးဈေးနှုန်း ၃၂၀၀၀ ကျပ်ကြားတွင်သာ အတက်အကျ ဖြစ်နေသည်။ ယခင် သီတင်းပတ်ကာလ နှင့်နှိုင်းယှဉ်လျှင် တစ်တင်းလျှင် ကျပ်တစ်ထောင်အထက် ဈေးပြန်တက် လာသည်။

မတ်ပဲဈေးနှုန်းသည် တစ်တင်းလျှင် ကျပ်၃၀၀၀၀ ဝန်းကျင်နှင့် ၃၂၀၀၀ ကြား အတက်အကျ ပုံမှန်ဖြစ် နေသည်မှာ ကာလကြာပြီဖြစ်သည်။ မတ်ပဲလက်ဝယ်ရှိသူ တောင်သူများနှင့်ကုန်သည်များ သည်လည်း အိမ်နီးချင်းနိုင်ငံ၏ မတ်ပဲလိုအပ်ချက်ကိုသိရှိပြီး မတ်ပဲဈေးတက်အလာကို စောင့်ဆိုင်း ကာ ကြိုက်ဈေးမရလျှင်မရောင်းချသေးပဲ ဆက်လက်တောင့်ခံနေကြကြောင်း သိရှိရသည်။

 

ဧရာကုန်သွယ်မှုဗဟိုဌာန